ထားဝယ်မြို့၌၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရော နစ် မဲပေးစက် (MEVM)နှင့် မဲရုံသုံးပစ္စည်းများ စနစ်တကျထုတ်ပေး

ထားဝယ် ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် မဲရုံသုံး ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းကစတင်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဧည့်ရိပ်သာတွင် စနစ်တကျ ထုတ်ပေးလျက်ရှိသည်။

(MEVM)နှင့် မဲရုံသုံးပစ္စည်းများကို တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ထားဝယ်မြို့နယ်အတွင်းရှိ မဲရုံများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းရင်းသားကိုယ်စားလှယ်တို့တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များ၊ အရံစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုရှိ မဲရုံမှူး၊ ဒုမဲရုံးမှူးတို့ထံ စနစ်တကျထုတ်ပေးလျက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွတ်သိန်းနှင့် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး သိန်းဇော်မြင့်တို့က ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်းများမဖြစ်ပေါ်စေရေးအတွက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာမဲရုံများအား ဇုံနယ်မြေများအလိုက်ခွဲ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ စနစ်တကျထုတ်ပေးခဲ့ကြကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)