ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များ တွံတေးမြို့နယ်တွင်မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်းစိန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ဒီဇင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တွံတေးမြို့နယ်တွင် မဲရုံများပြင်ဆင်ထားရှိမှု အခြေ အနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တွံတေးမြို့၊ အုန်းပင်စုရပ်ကွက်၊ အ.ထ.က(၂)မြို့မရှိ မဲရုံ(၁)တွင် မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်နေမှုနှင့် မဲရုံခင်းကျင်းပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း၊ တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၊ တိလောကဓမ္မာရုံရှိ မဲရုံ(၂) တွင် မဲဆန္ဒရှင်ပြည်သူများအား ရွေးကောက်ပွဲ မဲပေးခြင်းဆိုင်ရာ အသိပညာပေး ဆောင်ရွက်နေမှုနှင့် မဲရုံ ခင်းကျင်းပြင်ဆင်ထားရှိမှု အခြေအနေအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုစေရေး၊ မဲစာရင်း အမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိ စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြရန်စသည်တို့ကို  မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)