ကျိုက်ထို ဒီဇင်ဘာ ၂၇
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့ ဖြန့်ဝေပို့ဆောင်ရာတွင် အမှတ်(၄၄)ခြေမြန်တပ်မမှ တပ်နယ်မှူးဒုဗိုလ်မှူးကြီး ကျော်သူအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မဲရုံအလိုက် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များနှင့် မဲရုံသုံးပစ္စည်းများကို စနစ်တကျ ထုတ်ပေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ မဲရုံများသို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါထုတ်ပေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ မဲရုံစုစုပေါင်း ၃၇ ရုံတို့အတွက် MVEM မဲပေးစက် ၂၆၅ လုံး၊ အရန်မဲပေးစက် ၁၀ လုံး၊ စုစုပေါင်း မဲပေးစက် ၂၇၅ လုံးနှင့် မဲရုံသုံးပစ္စည်းတို့ကို ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထို (ပြန်/ဆက်)