မိုင်းယုမြို့၌ နေ့သုံးနေ့ထပ်သည့် ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ (ခ) ဝါးဖောင်မီးမျှောပူဇော်ပွဲ ကျင်းပ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဒေသခံ ရှမ်းတိုင်းရင်းသားတို့၏ အစဉ်အမြဲ ကျင်းပလေ့ရှိသည့် ရှင်ဥပဂုတ္တမထေမြတ်ပူဇော်ပွဲ(ခ)ဝါးဖောင်မီးမျှောပူဇော်ပွဲကို ယမန်နေ့ည (တပို့တွဲလပြည့် ၁၅ ရက်၊ လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့)ညက မိုင်းယုမြို့မရပ်ကွက်ရှိ နမ့်လွေချောင်းစပ်သဲသောင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။