ငါန်းဇွန်မြို့နယ်၌ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ (၄၂) ကြိမ်မြောက် မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းဇွန်မြို့ ပုညပါရမီ နေ့စဉ်ဆွမ်းလောင်းအသင်းကြီး၏ (၄၂) ကြိမ်မြောက် မဟာစာရေးတံမဲလောင်းလှူပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲကြီးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်၊ နံနက်(၇)နာရီက စတင်၍ မြို့ပေါ်ရှိ သံဃာတော်များနှင့် သီလရှင်ဆရာကြီး/ဆရာလေး အပါး(၂၂၀)တို့အား နိဗ္ဗာန်ရည်မျှော် ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။