သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့်လမ်းများ ပြုပြင်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရာဂီမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ တာချီလိတ်သွားလမ်း ပြုပြင်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာခရိုင်လမ်းဦးစီးဌာနနှင့် သာစည်မြို့နယ်လမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။