ကျောက်ဆည်မြို့နယ်၌ မိုးစပါး ၅၂၃၃၄ဧက စိုက်ပျိုးထားရှိပြီး ရာနှုန်းပြည့်ရိတ်သိမ်းခဲ့ရာ ၄၇၄၇၆၃၉ တင်းထွက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  ၂၀၂၅-၂၀၂၆ ခုနှစ်  မိုးစပါးများစိုက်ပျိုးရာတွင် နေရာဒေသအလိုက် ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့တိုက်ချစိုက်ပျိုးခြင်းများဖြင့် (၅၂၃၃၄)ဧက စိုက်ပျိုးထားရှိပြီး ရာနှုန်းပြည့်ရိတ်သိမ်းခဲ့ရာ ၄၇၄၇၆၃၉ တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်၌ ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ကွမ်းရွက်စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းရွက်စိုက် တောင်သူများထံမှ သိရသည်။

ထားဝယ်မြို့တွင် စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား မြှုပ်နှံဖျက်ဆီး

စံမညီဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်မပါရှိသည့် ဆေးဝါးများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် သက်တမ်းလွန်အလှကုန်များအား ဇန်နဝါရီလ ၈ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်အမှိုက်ပုံ၌ တွင်းတူး၍မြှုပ်နှံဖျက်ဆီးခဲ့ကြောင်းသိရသည်။

(၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လွိုင်ကော်စာပေ” စာအုပ်ဆိုင်ဖွင့်ပွဲကျင်းပ

၂၀၂၆ခုနှစ် (၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန“လွိုင်ကော်စာပေ” စာအုပ်ဆိုင်ဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက်က ဒေါဉခူရပ်ကွက်၊ အမှတ် (၄) လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးအဆောက်အဦရှေ့၌ ကျင်းပသည်။

မချမ်းဘောမြို့နယ်၌ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁) ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့်သူများက သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုအား ယမန်နေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့နံနက် ၉ နာရီက အ.လ.က(မိုးသီတာ)ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဘောလုံး (ဂိုးလတ်) ပြိုင်ပွဲကို ယမန်နေ့ညနေက မြို့မအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂)တွင် တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီက ပေကုန်းရပ်ကွက် အမှတ်(၁)မဲရုံ၌ ဆောင်ရွက်ခဲ့ကြသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများထံသို့ မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ထုတ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင်  အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည်ဖြစ်ရာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများအား ယမန်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to