ဘားအံတက္ကသိုလ်တွင် မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနား ကျင်းပ

ဘားအံ ဇန်နဝါရီ ၉

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းးသား၊ ကျောင်းသူလူငယ်များမူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေး အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ(၇)ရက်နေ့ နံနက်ပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေးက အသိပညာပေးဟော‌  ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီးနောက် ဘားအံမြို့၊ အမှတ်(၃၁)မူးယစ်တပ်စုမှ ရဲမှူးမင်းထွဋ်က မူးယစ်ဆေးဝါး၊ စိတ်ပြောင်းဆေးဝါးနှင့် ထိန်းချုပ်ဓာတုပစ္စည်းများဆိုင်ရာ သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆိုင်ရာဥပဒေများကိုလည်းကောင်း၊ အမှတ်(၈) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ဒုရဲမှူးသိန်းဇော်မြင့်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာသိကောင်းစရာများ၊ လန်ချန်း-မဲခေါင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဗဟိုဌာနအစီရင်ခံစာပါ အလုပ်အကိုင်ကြော်ငြာဓာတုများနှင့် ဆက်စပ်ဖြစ်ပေါ်လာနိုင်သော လူကုန်ကူးမှုအန္တရာယ်အကြောင်းတို့ကို အသီးသီးဟောပြောခဲ့ ကြသည်။

အဆိုပါဟောပြောပွဲအခမ်းအနားသို့ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာစိုးစိုးအေး၊ ဒုတိယ ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၆၇၇)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။

စိုးစိုးအေး(ပြန်/ဆက်)