မင်းလှ ဇန်နဝါရီ ၉
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) မင်းလှမြို့နယ် မဲဆန္ဒနယ်မြေများအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရန် မဲလက်မှတ်၊ မဲပုံးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောရွှေသိန်းနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများတို့က မဲပုံး၊ လုံခြုံရေးကြိုး၊ မဲလက်မှတ်၊ မဲလက်မှတ်စာအိတ်သေး(ပြည်/မျိုး/တိုင်း)၊ ပုံစံ-၁၃ စာရွက်၊ မဲစာရင်းပုံစံ (၁)၊(၁-က)၊ ခြင်းတောင်းနှင့် ဆက်စပ်ပစ္စည်း စုစုပေါင်း (၂၁) မျိုးအား ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံသို့ ထုတ်ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ရပ်ကွက်/ကျေးရွာ (၅၇) အုပ်စု၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၈၉၇၂၄) ဦးရှိပြီး ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်း၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)