လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာနှင့် စခန်းကြီးကျေးရွာတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

လောင်းလုံး  ဇန်နဝါရီ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့် မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)သရုပ်ပြရှင်းလင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ခြင်းကို လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာ၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌လည်းကောင်း၊ စခန်းကြီးကျေးရွာ၊ အမှတ်(၁၀၄)ခြေလျင်တပ်ရင်းခန်းမ၌လည်းကောင်း ယမန်နေ့နံနက်ပိုင်းမှ စတင်၍  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ဆောင်ရွက်ရာတွင်လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်မြတ်ထိုက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြု၍လက်တွေ့ စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေး၍ မဲရလဒ် မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို သင်တန်းတက်ရောက်ရန်ကျန်ရှိသော တပ်မတော်သားများ၊ ပြည်သူများနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအသီးသီးတို့က  အကျယ်တဝင့် သိရှိစေရန် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအောင်မြတ်ထိုက်၊ လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဗိုလ်မှူးအောင်ကျော်စွာဦးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)