မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)၌ ၂၀၂-၂၀၂ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့ပြီး ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းတွင် ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ()နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှတပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ/ဆရာမများနှင့်သစ်လွင်မောင်၊ သစ်လွင်မယ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ယနေ့အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)တွင် ပထမနှစ်သင်တန်းကို မကွေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် ခရိုင်၊ မြို့နယ်နှင့် ကျေးရွာများရှိ ကျောင်းသား/ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်ကြသည့်အတွက်  ကျောင်းအုပ်ကြီး၏ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝမ်းပန်းတသာ ဂုဏ်ယူစွာဖြင့်  နွေးထွေးစွာကြိုဆိုပါကြောင်း၊ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာအောင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော ပညာရပ်များကို ကြိုးပမ်းပြီးသင်ယူစေလိုကြောင်း၊ ပညာသင်ယူနေစဉ် အသိပညာတိုးပွားအောင် ပြင်ပဗဟုသုတ စာအုပ်၊ စာပေများကို လေ့လာမှတ်သားစေလိုကြောင်း၊ ကျောင်းမှဆောင်ရွက်နေသည့် Activity များကိုလည်း တတ်စွမ်းသရွေ့ပါဝင်လုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ တည်ဆောက်ရေးနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် မဖြစ်မ‌နေလိုအပ်လျက်ရှိသော အရည်အချင်းပြည့်ဝသည့် နည်းပညာဆိုင်ရာကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်၊ ဒေသလိုအပ်ချက်နှင့်အညီ နည်းပညာနှင့်အသက် မွေးပညာရပ်များကို သင်ယူနိုင်မှုအခွင့်အလမ်းများ ရရှိနိုင်စေရန်နှင့် ဒေသတွင်း စက်မှုလက်မှုလုပ်ငန်းများအပေါ် အထောက်အကူပြုနိုင်သည့်  နိုင်ငံ့သားကောင်း၊ သမီးကောင်းများပေါ်ထွန်းနိုင်သည့် ရည်ရွယ်ချက်များထားရှိပြီး ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း မှာကြားခဲ့သည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်က အခမ်းအနားကျင်းပရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)မှ ကျောင်းသား/သူများက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တတိယနှစ် ကျောင်းသူတစ်ဦးမှ မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာ ပထမနှစ်ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့ပြီး ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းတွင် ပညာရည်ချွန်ဆုရရှိသူများ၊ Skill ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဂုဏ်ပြုစုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)