မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းအဆောင်၌ ကျင်းပပြုလုပ်သည်။

ဂန့်ဂေါမြို့၌ ပုဂ္ဂလိကပိုင်ဆေးရုံအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မီးဘေးအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဂ္ဂလိကပိုင် နေလအထွေထွေရောဂါကုဆေးရုံအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် သာသနိကအဆောင်အဦးများ ပြန်လည်ပြုပြင်မွန်းမံနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု  

(၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ ခရိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကျုံမငေးမြို့ရှိ ပြည်သူများအား ကွင်းဆင်းကုသပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ယနေ့နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ကျုံမငေးမြို့သို့ ကွင်းဆင်းကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

နတ်မောက်မြို့၌ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများစစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၆ ရက်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက်ရှိ နံ့သာကုန်းစက်ဘီးဝန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက နံ့သာကုန်းစက်ဘီးဝန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ငကောင်းကံအုပ်စု၊ ဇီးကုန်းကျေးရွာ၊ KC ခန်းမ၌ တောင်သူများနှင့်တွေ့ဆုံ၍ ရာသီပြည့်သီးနှံစိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နည်းပညာပေး အခမ်းအနားသို့တက်ရောက်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက်နေ့က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး   အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to