မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက် ဘုရင့်နောင်တိုးချဲ့ပန်းခြံ၌ တေးဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် ပြည်သူများအပန်းဖြေပျော်ရွှင်နိုင်စေရန် တေးဂီတဖျော်ဖြေပွဲနှင့် ဈေးရောင်းပွဲတော်တို့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ(၈)ရက်နေ့မှ ဖေဖော်ဝါရီ(၁၂)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဘုရင့်နောင်တိုးချဲ့ပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံဆည်မှ နွေစပါး လျာထားဧက ၁၂၇၁ ဧကအတွက် ပျိုးထောင်ရေများ ပေးဝေလျက်ရှိ

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံဆည်ရေသောက်ဧရိယာများတွင် နွေစပါးစိုက်ပျိုးရန်လျာထားဧက ၁၂၇၁ အတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပခုက္ကူမြို့နယ်အဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး(OCV) တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မွန်ပြည်နယ်မြေအသုံးချမှုကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုင်းကိုင်မြို့နယ်၌ (၄၅)ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲတော် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပရိယတ္တိစာပေကျမ်းဂန်တတ်မြောက်သည့် ရဟန်းသံဃာတော်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍  (၄၅)ကြိမ်မြောက်၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာပြန်ပွဲကို ယမန်နေ့မှစ၍ မိုင်းကိုင်မြို့နယ်၏ စာဖြေဌာနများဖြစ်သော မြို့လယ်ဓမ္မာရုံ၊ မဇ္ဈိမာရာမပရိယတ္တိစာသင်တိုက်တို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ နောင်ယား (က) ရပ်ကွက်၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိကာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ပြည်နယ်အစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းအိမ်ရာများပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၄) ခန်းတွဲ (၃) ထပ်ဝန်ထမ်းအိမ်ရာ (၁၂) လုံးနှင့် ဓမ္မာရုံ ပြုပြင်နေမှုအခြေအနေများ၊ အိမ်ရာဝန်းအတွင်း ဝန်ထမ်းများသန့်ရှင်းသောသောက်သုံးရေရရှိစေရေး ရေသန့်စက်တပ်ဆင်ထားရှိမှု အခြေအနေများကို အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ကာ အဆောက်အအုံများ စနစ်တကျဖြင့် ရေရှည်အသုံးပြုနိုင်ရေး၊ ထိခိုက်ပျက်စီးမှုကြီးမားသည့် အဆောက်အအုံများအား ကြံ့ခိုင်မှုအရည်အသွေး ပိုမိုကောင်းမွန်စေရေး၊ အဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများ အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မီပြီးစီးစေရေး၊ အဆောက်အဦပတ်ဝန်းကျင် သန့်ရှင်းရေးတို့ကို စနစ်တကျ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ပခုက္ကူမြို့၊မူလတန်းကြိုကျောင်း၌ (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ

ပခုက္ကူမြို့၊မူလတန်းကြိုကျောင်း၌ (၁၁၀)နှစ်ပြည့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ ပခုက္ကူ ဖေဖော်ဝါရီ ၁၄ ခရိုင်(ပြန်/ဆက်)

ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ရွာတော်)၌ လူငယ်စကားဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to