မိုးနဲမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ နေကြာများ ရိတ်သိမ်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ရှိ တောင်သူများအနေဖြင့် မိုးစပါးများ ရိတ်သိမ်းပြီးချိန် သီးထပ်အဖြစ် စျေးကွက်ပိုမိုရရှိမည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလာကြရာ ဆောင်းနေကြာဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးလာကြပြီး လက်ရှိတွင် နေကြာများ စတင် ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။