သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများကို ပြည်သူများသိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ် စာစောင်ကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။