ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဂိမ်းပြိုင်ပွဲကျင်းပ

ထီးချိုင့် မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြိုင်ပွဲများကျင်းပ လျက်ရှိရာ ဂိမ်းပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

ထိုသို့ပြိုင်ပွဲများ ကျင်းပရာတွင်‌ ကျောင်းသား/သူများ နွေရာသီကျောင်းပိတ်ရက်တွင်  စာကြည့်တိုက်နှင့် ရင်းနှီးပြီး ပြင်ပဗဟုသုတများ၊ အသိပညာများတိုးပွားလာစေရန်နှင့် ကလေးများပျော်ရွှင်မှုရှိစေရေးအတွက် ယခုလိုပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ် ကြောင်းကို ဦးစီးအရာရှိဒေါ်လဲ့လဲ့ခိုင်ကပြောကြားသွားသည်။ ထို့နောက် ဒိုးဆက် ပြိုင်ပွဲ၊ ရေပေါ်ဘောလုံးမှုတ်ပြိုင်ပွဲ၊ ဘောလုံးပစ်ပြိုင်ပွဲနှင့် ဘောလုံးပစ်ဖမ်းခြင်းပြိုင်ပွဲ ကို ပျော်ရွှင်စွာ ကစားခဲ့ကြကြောင်း သိရသည်။

ရဲလင်းထွန်း (ထီးချိုင့်)