မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းယောင်း မေ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ဗလမင်းထင်အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကားပြောကြားပြီး စီမံကိန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်မိုးက ၂၀၂၂-၂၀၂၃ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ၂၀၂၃-၂၀၂၄ ဒေသန္တရစီမံကိန်း ရည်းမှန်းချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က သက်ဆိုင်ရာမှ ရွေးချယ်တင်ပြလာသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စိစစ်သုံးသပ်၍ ပညာရေး၊ ကျန်မာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးပြီး မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများက မိုင်းယောင်းမြို့နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး သက်ဆိုင်ရာဌာနများ ရည်မှန်းချက်တာဝန်များ ပေးအပ်ခဲ့သည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)