ဘိုကလေး မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စုတွင် ပူပြင်းလှသော ရာသီဥတုကြောင့် သောက်သုံး ရေရှားပါး ပြတ်လတ်မှုကြုံတွေ့နေရသဖြင့် မြိုနယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ်(၂)နာရီခွဲအချိန်၌ သာပေါင်းကျေးရွာအုပ်စုသို့ ရေသယ်ယာဉ် (၂)စီးဖြင့် အရောက်သွားကာ သောက်သုံးရေ လိုအပ်နေသော ပြည်သူများအား ရေဂါလံ (၂၄၀၀) လှူဒါန်းဆောင်ရွက် ပေးခဲ့သည်။
အလားတူ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စုတွင်လည်း ရာသီဥတုပူပြင်းခြင်း၊ မိုးရွာသွန်းမှု နောက်ကျခြင်းတို့ သောက်သုံး ရေရှားပါး ပြတ်လပ်မှုများ ဖြစ်ပေါ်နေသဖြင့် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၌ တည်ထောင်ထားသော သုခဝေဖြာ ပရဟိတ ဖောင်ဒေးရှင်းမှ မေ(၂၁)ရက်နေ့တွင်လည်း မဂူကျေးရွာအုပ်စုသို့ အရောက်သွား၍ ဒေသခံပြည်သူများအား သောက်သုံးရေများ လှူဒါန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)