ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မုန်တိုင်းအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် စာသင်ကျောင်းများအား သွားရောက် ကြည့်ရှုစစ်ဆေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

ငပုတော မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂) ဦးသန်းဦး၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက မိုခါမုန်တိုင်းအန္တရာယ်ကြောင့် အမိုးလန် ပျက်စီးခဲ့ သည့် အထကအုန်းချောင်းနှင့် အထက. (ခွဲ)သက္ကာယ်သောင်၊ ကျောင်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ အဆိုပါ ကျောင်းရှိ  ဆရာ၊ ဆရာမများ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်း သာယာလှပစေရေး၊ စာသင်ခန်းနှင့် စာသင်ဆောင်များ လုံလောက်စွာရရှိရေး၊ သောက်သုံးရေလုံလောက်စွာ ရရှိစေရေး၊ ကျောင်း များ ပြန်လည်ဖွင့်လှစ်ရာတွင် ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး သွပ်အချပ် (၅၀)နှင့် သွပ်ရိုက်သံ (၅)ပိဿာထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။

 

အောင်သူ(ပြန်/ဆက်)