ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

​ရွှေဘို ​​မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ “​ရွှေဘိုအ​တွေး​ ရွှေဘို​သွေး” စာ​ပေအနုပညာမဂ္ဂဇင်းအမှတ်(၂)၊ ၂၀၂၂ ခုနှစ် စာအုပ်မှ၊ ဆရာနဂျယ်အိမ်(​ရွှေဘို)ရေးသားသည့် "​​တတိယမြန်မာနိုင်ငံတည်​ဆောက်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းအကျဥ်း" ​ဆောင်းပါးဖြင့် ယမန်နေ့ နံနက်(၁၁)နာရီချိန်က စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ​ရွှေဘိုမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ​အောင်ဘုန်းညိုက အဖွင့်အမှာစကားပြောကြားပြီး  ​ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး​ဒေါ်​အေးမြမွန်က   စာဖတ်ဝိုင်းပြုလုပ် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို​ ဆွေးနွေးပြောကြားခဲ့ပြီးနောက်၊ တက်​ရောက်လာ​သော စာ​ပေချစ်မြတ်နိုးသူများမှ "တတိယမြန်မာနိုင်ငံတော်တည်​ဆောက်​ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းအကျဥ်း"​ ဆောင်းပါးပါ အ​ကြောင်းအရာများကို ဝိုင်းဝန်း​ဆွေး​နွေးခဲ့​ကြောင်းသိရသည်။

​ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူများ အသိဉာဏ်ပညာဗဟုသုတများတိုးပွား လာစေရန်နှင့် မျိုးဆက်သစ်လူငယ်များစာ​ပေဖတ်ရှု့သည့် အ​လေ့အကျင့်​ကောင်းများ ရရှိ​စေရန်အတွက် စာရေးဆရာများ၊ (Book Club) စာပေမြတ်နိုးသူများဖြင့် စာဖတ်ဝိုင်းများနှင့် အသိပညာပေးဆွေးနွေးပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)