ကျွန်းလှ မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား တန်ဘိုးသင့် စားသောက် ကုန်များ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဝယ်ယူ နိုင်ရန်အတွက် ယနေ့ နံနက် ၆ နာရီက ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ တန်ဘိုးသင့်စားသောက်ကုန်များ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥလေးလုံးပါ ပစ္စည်းသုံးမျိုး ငွေကျပ် ၃၀၀၀ နှင့် ကြက်ဥ ငါးလုံးငွေကျပ် ၁၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၁၈၀ အား လက်ဝယ်အရောက် ရောင်းချပေးခဲ့ ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ