ဟုမ္မလင်း မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီးအကြိုကာလ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၈)နာရီအချိန်က ဟုမ္မလင်း ဝိဇ္ဇာ/သိပ္ပံ ကောလိပ်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်းပင် (၄၈)၊ခရေ (၇၂)ပင်၊ ပျဥ်းကတိုး (၄၈)ပင်၊ ကံကော် (၄၈)ပင်၊ မျောက်ငို(၄၈) ပင်၊ စိန်ပန်း (၄၈)ပင်၊ ဗာဒံ (၄၈)ပင်၊ မဟော်ဂနီ (၄၈)ပင် စုစုပေါင်းအပင် (၄၀၈)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ဖိုးနှင့်ဝန်ထမ်းများ၊ ခရိုင်အဆင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင့်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်းနှင့် အမျိုးသမီးရေး ရာအဖွဲ့ဝင်များ၊ ဟုမ္မလင်းကောလိပ်မှ ကျောင်းဆရာ/မများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)