လိပ်သိုဒေသ၌ ပျားဖွတ်ရာသီမပြီးဆုံးမှီ ပျားရည်များ ဈေးနှုန်းကျဆင်း

လိပ်သို  မေ   ၂၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားတွင် ပျားဖွတ်ရာသီ ကာလမပြီးဆုံးမှီ မိုးရွာသွန်းမှုရှိခဲ့ခြင်း၊ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ် မိုးကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း၊ မုန်တိုင်းအလွန်တွင်လည်း မိုးဆက်လက်ရွာသွန်းခဲ့မှုများကြောင့် မိုးစဲပြီးနောက်ပိုင်း ထွက်ရှိသော ပျားရည်များ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

ပျားဖွတ်ရာသီအစတွင် ပျားရည် စုဆောင်းဝယ်ယူသူများက ယမန်နှစ်ကထက် ဈေးပိုပေး၍ ဝယ်ယူလျက်ရှိခဲ့ရာ မိုးရွာသွန်းပြီး မုန်တိုင်းအလွန်နောက်ပိုင်းတွင် ထွက်ရှိသော ပျားရည်များကို ထက်ဝက်မျှ ဈေးချ၍ ဝယ်ယူလျက်ရှိပြီး ပျားရည်တစ်ပုလင်းကို (၄၅၀ဝိ/-) ကျပ်မှ (၂၅၀ဝိ/-) ကျပ် အထိ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

ယခုနှစ်တွင် ပျားကြီးများ အနိမ့်ပိုင်းများတွင်သာ စွဲကပ်မှုများရှိခဲ့၍ လွယ်ကူစွာ ဖွတ်ယူရရှိခြင်းကြောင့် ပျားရည်အထွက်နှုန်း ကောင်းခြင်း၊ မုန်တိုင်းကြောင့် ပျားအုံများ မိုးထိရေစို၍ ပျားရည်များ ကြာရှည်စွာ သိုလှောင်ထားရှိရန် စိတ်မချခြင်း၊ ဝယ်လိုအား ကျဆင်းလျက်ရှိခြင်းတို့ကြောင့် ပျားရည်ဈေးနှုန်းများ ကျဆင်းသွားရကြောင်း ပျားရည်ဝယ်ယူစုဆောင်း သူထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)