လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းဝန်ထမ်းများအတွက် ပင်စင်လစာများ ထုတ်ပေး

လှိုင်းဘွဲ  မေ ၂၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအတွက် ပင်စင်လစားများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ရပ်နီး/ရပ်ဝေး အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာများကို လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရန်အတွက် ပင်စင်လစာများကို လစဉ်(၂၁) ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ပုံမှန်ထုတ်ပေးလျက်ရှိပြီး ပင်စင်လစာများကို ထုတ်ယူရာတွင် သတ်မှတ်ချက်နှင့်အညီ စနစ်တကျ ရှိစေရေး၊ အဆင်ပြေစေရေး အတွက် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများက အသီးသီးကြီးကြပ်၍ ဆောင်ရွက်ပေးကာ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်း(၈၀၀)ဦးကျော် ရှိကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)