ရှမ်းရွာသစ်မြို့အမှတ်(၂)ရပ်ကွက် မြို့ပတ်လမ်း ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်း (၅၀) ရာခိုင်နှုန်းပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းကို မေလပတထမပတ်မှ စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး စတင်ကျောင်းအပ်လက်ခံ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိသတ်မှတ်၍ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဇေယျာသီရိမြို့နယ်ရှိ အ‌ခြေခံပညာကျောင်းများ၌ ကျောင်းသား/ သူ  ၉၇၆၉ ဦး လာရောက်အပ်နှံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ‌ဇေယျာသီရိမြို့နယ်အတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ သူ ၉၇၆၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ထားခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ဦးစီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထား ခြင်းရှိမရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိသားစုဝင်ငွေတိုးပွားရေးအတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချသင်ကြားနေမှုအား တာဝန်ရှိသူများအဖွဲ့  ကွင်းဆင်းကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဒေသခံပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မေ ၂ ရက်နေ့မှ စတင်ပြီး ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သင်တန်းသား၊ သင်တန်းသူများ အခက်အခဲမရှိ အဆင်ပြေစွာ သင်ကြားနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ အခြေခံပညာအလယ်တန်းအဆင့် Grade- 9 သင်ရိုးသစ်ဘာသာရပ် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 သင်ရိုးသစ်ဘာသာရပ်သင်တန်းကို (၁၇-၅-၂၀၂၃) ရက်နေ့မှစတင်၍ အထက (၁)၊ အထက (၂)၊ အထက (၃)၊ အထက (၄)၊ အထက (၅)နှင့် အထက (၆)ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက-၁၊ အထက-၄ ကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ထိုးနှံပေးခဲ့သည်။

မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံခြင်းစတင်လက်ခံ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်ခြင်းအား စတင်လက်ခံနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲကို ယမန်‌နေ့ ညနေ(၅)နာရီက  ကုန်းကြီးကျေးရွာဘုန်းကြီးကျောင်း မြရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ထက်/လယ်/မူ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်း သား/ကျောင်းသူများ ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းစတင် လက်ခံ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီ မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများနှင့် မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to