မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ထားခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး

 

မိတ္ထီလာ မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ဦးစီးဌာန လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထား ခြင်းရှိမရှိ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် ကျေးရွာ တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ ကျေးလက်ရေရရှိရေး လုပ်ငန်း၊ ကျေးလက်မီးလင်းရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါ ကျေးလက်ကုန်ထုတ်လုပ်ငန်းများကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိမရှိ အခြေ အနေများအား ရမည်းသင်းခရိုင်​ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးပြည့်စုံဝင်း၊  မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)