မင်းဘူး မေ ၂၄
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်ခြင်းအား စတင်လက်ခံနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံခြင်းကို အခြေပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို ၂၀၂၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ စတင်ကာ ကျောင်းအပ်နှံခြင်းအား လက်ခံပေးလျက်ရှိကြောင်းလည်း သိရသည်။
ကျောင်းအနေအရွယ်ကလေးများ ကျောင်းအပ်နှံခြင်းကို ၅ နှစ်အရွယ်တွင် သူငယ်တန်း KG ကိုအပ်နှံကြဖို့နဲ့ ၆ နှစ်အရွယ်ကလေးများအား ပထမတန်း Grade(1) အပ်နှံရမှာဖြစ်ပြီး KG ကလေးငယ်များအတွက် အခြေခံသင်္ချာ၊ ပုံဆွဲဆေးခြယ်ခြင်းစာအုပ်၊ သင်ယူရန်မှတ်တမ်း၊ ဗျည်းအက္ခရာကိန်းဂဏန်းတွေ လေ့ကျင့်ရမည့်စာအုပ်နှင့် ကျောင်းဝတ်စုံတစ်စုံ၊ မူလတန်းကလေးငယ်များအား ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံတစ်စုံ၊ အလယ်တန်းနှင့် အထက်တန်းကလေးများအား ယခင်နှစ်များအတိုင်း ပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များကိုထုတ်ပေးလျက်ရှိကာ ကျောင်းသားမိဘများနှင့် အေးချမ်းစွာ ကျောင်းအပ်နှံခြင်းရှိကြသလို ကျောင်းကော်မတီအဖွဲ့ဝင်များကလည်း ကူညီပံ့ပိုး၍ဆောင်ရွက်ပေလျက်ရှိကြကြောင်း မင်းဘူး(စကု)မြို့နယ် အခြေခံပညာကျောင်းများမှ သိရသည်။
ဇေယျာထက် (မင်းဘူး)