သရက်ချောင်းမြို့နယ်၌ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ (၂၀၂၃–၂၀၂၄) ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)အဖြစ် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

"လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့ ရွှေအိုး(၁)ရပ်ကွက် ပုံပြစေတီဘုရားဓမ္မာရုံတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club များ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန်းစားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား ယနေ့နံနက် (၉) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူအသိပညာပေး (Talk Show) ကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် မြေပြိုဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အများပြည်သူ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေများ ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ်တွင် မေလ (၁၅)ရက်နေ့ ည (၁၁)နာရီအချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် မိုးလန်ပျက်စီးခဲ့သည့် လူနေအိမ် (၃)လုံးအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီအချိန်က နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဖြင့် စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ လူငယ်များအနေဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ တစ်ယောက်နှင့်တစ်ယောက် အသိဗဟုသုတများ မျှဝေဖလှယ်နိုင်စေရန်အတွက် စာဖတ်ဝိုင်း များကို လစဉ်ဆောင်ရွက်လျက်ရှိရာ စာရေးဆရာ နိုင်းနိုင်းစနေ ရေးသားထားသော သတ္တိရှိတဲ့ ပထမခြေလှမ်းစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့နယ် သရက်ချဉ်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့က နတ်မောက်မြို့နယ်သရက်ချဥ် ကျေးရွာတွင်ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပန်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ဆက်လက်ကွင်းဆင်းထိုးနှံပေး

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသက်(၁၈)နှစ်အထက် အများပြည်သူများအား သက်ဆိုင်ရာဆေးထိုးစုရပ်နေရာများ၌ မေလ(၁၅)ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်(၉)နာရီက ဟိုပန်မြို့ ပြည်သူ့ဆေးရုံနှင့် မော်ဟွေ့ကျေးရွာအုပ်စု၊ နောင်ဟေ့ကျေးရွာ ဘုန်းတော်ကြီးကျောင်းစုရပ်နေရာများ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinopharm)အား ဆက်လက်ထိုးနှံပေးခဲ့သည်။

ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံသူများပြား

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားကျောင်းသူများအား ယမန်နေ့  ၉ နာရီအချိန်မှစတင်ပြီး ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများများပြားလျက်ရှိကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး (Talk Show) ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to