တောင်ငူမြို့၌ အခြေခံပညာအလယ်တန်းအဆင့် Grade- 9 သင်ရိုးသစ်ဘာသာရပ် သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တောင်ငူ မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပညာရေးမှူးရုံးမှ ကြီးမှူး၍ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ ခရိုင်အဆင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 သင်ရိုးသစ်ဘာသာရပ်သင်တန်းကို (၁၇-၅-၂၀၂၃) ရက်နေ့မှစတင်၍ အထက (၁)၊ အထက (၂)၊ အထက (၃)၊ အထက (၄)၊ အထက (၅)နှင့် အထက (၆)ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထက-၁၊ အထက-၄ ကျောင်းရှိ သင်တန်းသား၊ သင်တန်းသူများအား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ထိုးနှံပေးခဲ့သည်။

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 သင်ရိုးသစ်သင်တန်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံပညာအလယ်တန်းအဆင့် ဆရာ၊ ဆရာမများ အရည်အသွေးမြင့်မားစေရန်၊ သင်ရိုးသစ် (KG+12) သို့ ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သင်ကြားသင်ယူမှု လုပ်ငန်းများ ထိရောက်အောင်မြင်နိုင်စေရန်၊ ဘာသာရပ်ကျွမ်းကျင်မှု သင်ကြားနည်းအသစ်များ ကျွမ်းကျင်စွာ သင်ကြားနိုင်စေရန်ရည်ရွယ်၍ ၁၇-၅-၂၀၂၃ ရက်နေ့မှ ၂၄-၅-၂၀၂၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းသို့ တက်ရောက်လျက်ရှိသည့် တောင်ငူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမ (၃၂၁၈) ဦးနှင့် နည်းပြ (၁၆၄) ဦးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Boster Does) များ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)