တိုက်ကြီးမြို့နယ် (Community Centre) ခန်းမ၌ Book Club၊ Youth Club အသင်းဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Youth Club အသင်းများနှင့်ပူးပေါင်း၍ စာရေးသူ မင်းခန့်ရွှေ ရေးသားထားသော "ရေဆာရေသာသောက်ပါနှင့်မြန်မာမှုစာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ခြောက်ရွာကျေးရွာအုပ်စု၌ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက်ရန် မြေနေရာပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်ခန့်က ခြောက်ရွာ ကျေးရွာအုပ်စု၌ (၁၆)ကုတင်ဆန့် တိုက်နယ်ဆေးရုံ တည်ဆောက်ဆောက်ရန် မြေနေရာ အား ကျန်းမာ‌‌ရေးဝန်ကြီးဌာန၊ မြို့နယ်ကုသ‌‌ရေးဦးစီးဌာန၊ အင်္ဂပူမြို့သို့ ပေးအပ် လှူဒါန်းပွဲပြုလုပ်ခဲ့သည်။

ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများအားလုံး ကျောင်းအပ်လက်ခံ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းက ကျောင်းအပ်လက်ခံလျက်ရှိ ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန ၊ (Community Centre) ခန်းမတွင် “က‌လေးအလုပ်သမား ပပျောက်ရေး အသိပညာပေး” (Talk Show) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ပပျောက်စေရေးတွက် အထူးအလေးထားရည်ရွယ်ကာ က‌လေးအလုပ်သမားပပျောက်ရေး အသိပညာပေး” (Talk Show) ကို ယနေ့နံနက်(၁၀)နာရီက မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် လူထုဖြန့်မိုးရာသီ သစ်ပင်စိုက်ပျိုးရန် ပျိုးပင်​ပေါင်း (၁၅၀၀၀) ကျော်ပျိုးထောင်ထားရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ် လူထုဖြန့်မိုးရာသီသစ်ပင်စိုက်ပျိုးရန် မန်ဂျန်ရှား၊ ကျွန်း၊ ပျဥ်းကတိုး၊ ယူကလစ်၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ရေတမာ၊ စိန်ပန်း၊ ဗန်ဒါ၊ ပျဥ်းမ၊ စွယ်တော်စသည့်ပျိုးပင်ပေါင်း (၁၅၀၀၀) ကျော်ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနဘိနယ်တာဝန်ခံတောအုပ် ဦး​မြင့်သူ၏ပြောကြားချက်အရသိရသည်။

ကြံခင်းမြို့တွင်သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီအချိန်က ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ လမ်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to