ဖြူးမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး စတင်ကျောင်းအပ်လက်ခံ

ဖြုး မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး မေလ(၂၃)ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိသတ်မှတ်၍ ကျောင်းအပ်လက်ခံပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဖြူးနယ်အတွင်း ယခင်နှစ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ အခြခံပညာကျောင်းများတွင် (၄၉၈၅၈) ဦး၊ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများတွင် (၄၃၅)ဦး၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများတွင် (၄၅၂) ဦး စုစုပေါင်း (၅၀၇၄၅) ဦး ကျောင်းအပ်နှံ ပညာသင်ကြားခဲ့ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (၅) နှစ်အရွယ် ကလေးများအား သူငယ်တန်း KG သို့လည်းကောင်း၊ (၆) နှစ်အရွယ် ကလေးသူငယ်များအား ပထမတန်း Grade-1 သို့လည်းကောင်း၊ အပ်နှံစေရမှာဖြစ်ပြီး အခမဲ့ပညာရေးအနေဖြင့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ခဲတံများကို ထောက်ပံ့ပေး၍ သူငယ်တန်း KG တန်းများအတွက် ကျောင်းဝတ်စုံပါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)