ဇေယျာသီရိ မေ ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင် ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသည့် ကျောင်းသား/ သူ ၉၇၆၉ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ရာ ယမန်နေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၅၇ ကျောင်းတွင် ၉၃၃၇ ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်းတွင် ၄၂၈ ဦးနှင့် ကိုယ်ပိုင်ကျောင်း ၃ ကျောင်းတွင် ၄ ဦး စုစုပေါင်း ၉၇၆၉ ဦး လာရောက်အပ်နှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းလင်း(ပြန်/ဆက်)