ကြံခင်းမြို့နယ် ဘက်ရဲမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနှင့် ဘက်ရဲတိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်လုပ်ထားမှုအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဘက်ရဲမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနှင့် ဘက်ရဲတိုက်နယ်ဆေးရုံဝန်ထမ်းအိမ်ရာ ဆောက်လုပ်ထားမှုအား ယမန်နေ့ နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော နေရာများအား ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များကို မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ပျက်စီးနေမှု စာရင်းကောက်ခံထားရှိမှုများအား မြေပြင်ကွင်းဆင်းစစ်ဆေး ကြည့်ရှု

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့်လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင် ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနေဦး ၊ မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်ရေးအဖွဲ့၊ တာ၀န်ရှိသူများနှင့် အတူ ယမန်နေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော စာသင်ကျောင်းများ၊ ကျေးရွာများရှိ လူနေအိမ်များ ပျက်စီးနေမှုအား မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းကောက်ခံထားရှိမှုများအား ယနေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့သည်။

မင်းလှမြို့၌ မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေး မည့်တောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာပေးသင်တန်းသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းဆိုင်ရာ နည်းပညာပေး သင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ် တက်ရောက်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန် အတွက် ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော မြို့နယ်အတွင်းမိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် မေ လ ၁၈ ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိသည်။

မောက်မယ်ဒေသထွက် သဘာဝလိုင်ချီးသီးများလှိုင်လှိုင်ပေါ်၍ အပိုဝင်ငွေရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသထွက်သဘာဝလိုင်ချီးသီးများ မေလအတွင်း လှိုင်လှိုင်ပေါ်ထွက်ရှိလာတော့မည်ဖြစ်သဖြင့် လိုင်ချီးသီးစျေးနှုန်းမှာ ယခင်နှစ်တွင်တစ်ပိဿာ ၄၀၀၀ကျပ်မှ၅၀၀၀ကျပ် စျေးဖွင့်ပြီး ယခုနှစ်တွင် ၉၀၀၀ကျပ်မှ၁၀၀၀၀ကျပ် စျေးဖွင့်ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။

တကောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ် စတင်လက်ခံ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ရှိ အခြေခံပညာကျောင်းများတွင် ယမန်နေ့ နံနက် (၉)နာရီမှ စတင်၍ ၂၀၂၃-၂၀၂၄ ပညာသင် နှစ်အတွက် ကျောင်းအပ်နှံမှု စတင်လက်ခံခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် (၈)နာရီအချိန်ခန့်ကစတင်ကာ ကျောင်းအပ်နှံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Subscribe to