ကျွန်းလှမြို့နယ်၌ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနေမှု ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ဆောင်ပုဒ် အတိုင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)၌ ကျောင်းအပ် လက်ခံပေး လျက်ရှိကြောင်း သိရသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးနေမှုအား ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် တာဝန်ရှိသူများက စစ်ဆေးကြည့်ရှု

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့် သန့်ရှင်းသော သောက်သုံးရေများကို အရှေ့မြောက်ရပ်ကွက် ဒေသခံ ပြည်သူများအား ရေသန့်များအား ဖြန့်ဝေပေးခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်တာဝန်ရှိသူများက စစ်ဆေး ကြည့်ရှုခဲ့ကြသည်။

ရသေ့တောင်မြို့နယ်၌(မိုခါ)မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများခဲ့သော လမ်းများမှအပျက်အစီးများ စွန့်ပစ်အမှိုက်များအား ဌာနဆိုင်ဝန်ထမ်းများကစုပေါင်း အမှိုက်ကောက်သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော အလွန်ပြင်းအားကြီးသော (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရသေ့တောင်မြို့၌ ထိခိုက်ပျက်စီးမှုများခဲ့သဖြင့် တစ်မြို့နယ်လုံးနီးပါးထိခိုက်ပျက်စီးခဲ့ရပြီး အပျက်အစီးအမှိုက် သရိုက်များ အားနေ့စဥ်ရှင်းလင်းဆောင်ရွက်ခဲ့ကြရာယနေ့ နံနက်ပိုင်းက ရသေ့တောင်မြို့ တောင်ရင်းတန်းရပ်ကွက်ရှိ ဦးဥတ္တမလမ်းနှင့် ဘုရားကြီးလမ်းများမှ အမှိုက်သရိုက်များကို မြို့ပေါ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ စုပေါင်းသန့်ရှင်းရေးအမှိုက်ကောက်ခြင်း၊ လိုက်လံသိမ်းဆည်းခြင်း၊ မီးရှို့ခြင်းများဆောင်ရွက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ‌စစ်ကြောင်းကြီးငါးကြောင်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)၌ ကျင်းပကြောင်း သိရသည်။

ရသေ့တောင်မြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပဲခူးတိုင်းဒေသကြီး သန္ဓေမီးသတ်တပ်မှ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်း လင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသ​ဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီး သန္ဓေမီးသတ်တပ်ဖွဲ့ ရှာဖွယ်ကယ်ဆယ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ဦးဆောင်သော (၁၁၆)ဦးပါဝင်သော အဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းသော အဖွဲ့များသည် အဖွဲ့များခွဲ၍ ရသေ့တောင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ရမည့် နေရာများဖြစ်သော လမ်းများရုံးဌာနများ၊ သာသနိကအဆောက်အအုံများအား ဦးစားပေးအဆင့်များသတ်မှတ်ပြီး ၁၈.၅.၂၃ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲဆောင်ရွက်

ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မီမီဝင်းက စာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချယ်ရီမြင့်က စားသုံးသူများရှောင်ကြဥ်ရမည့် အစားအသောက်များနှင့် စားသုံးသူများ၏အခွင့်အရေးများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ ကေသရီဆောင် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ “ကေသရီ” အိပ်ဆောင်ဖွင့်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to