စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးအနေဖြင့် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့သည်။