ဒေါပုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ စာပေကိုပိုမိုလေ့လာဖတ်ရှုလာစေရန်နှင့် ဖတ်ရှုပြီးသည့် စာအုပ်စာပေများအား ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်စေရန်အတွက် ယနေ့န့နက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သန္ဓေမီးသတ်အဖွဲ့နှင့် ရပ်ကွက်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီက ဗိုလ်အောင်ဇေယျရပ်ကွက်သို့ ကွင်းဆင်းကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းနှင့် အဘိတ်ဆေးခတ်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာတွင် ကဗျာရွတ်ပိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍ စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်‌စေရန် တို့ကိုရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့နံနက်(၁၀)နာရီက ကဗျာရွတ်ပြိုင်နှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

ကုန်စည်စီးဆင်းမှုလျှင်မြန်စေရေး ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်း(၃)နေရာတွင် ကတ္တရာလမ်းတိုးချဲ့ခင်းခြင်း၊ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ပေးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လမ်းဦးစီးဌာနမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းတွင် ကတ္တရာလမ်း တိုးချဲ့ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိတ္ထီလာ၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၉ ကျောင်းတွင် ယနေ့မေလ ၂၃ ရက်နေ့နံနက် ၉ နာရီအချိန်မှ စတင်ပြီး ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများက စည်ကားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် (၉) နာရီ၌ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သဲကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း(၁၉၄)ကျောင်း၌ ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

"၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်နှင့်အညီ  ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ် လက်ခံခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေး များအားလုံး ပညာသင်ယူခွင့် ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့ နံနက်ပိုင်း မှ စတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ ယာဥ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းညွှန်အမှတ်အသားများ သိရှိစေရေးအသိပညာပေးဟော

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ​ပြေးဆွဲလျက်ရှိရှိသည့် သုံးဘီးယာဥ်များအား စည်းကမ်းရှိစွာဖြင့် စနစ်တကျ မောင်းနှင်စေရေး၊ ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းညွှန်အမှတ်သားများအား သိရှိစေရေး အသိပညာပေး ဟောပြောပွဲကို မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to