စစ်ကိုင်းတိုင်းဒေသကြီး အစိုးအရအဖွဲ့ ဝန်ကြီးချုပ်ဖလား တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကသာခရိုင် U-18 ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကျင်းပ
၂၀၂၃ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် ၁၈ နှစ် အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကသာခရိုင် U-18 ဘောလုံးအသင်းအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားကို ကသာခရိုင်၊ ကသာမြို့တွင် ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။