ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့်အဖွဲ့  မြောက်ဦးမြို့ သာသနာလင်္ကာရ ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ်သောင်းထိုက်ရွှေသည် ယမန်နေ့ညနေပိုင်းက မြောက်ဦးမြို့နယ် သာသနာလင်္ကာရဘုန်းတော်ကြီးကျောင်းတိုက်သို့ သွားရောက်၍ ဆွမ်းဆန်တော်များနှင့်လှူဖွယ် ဝတ္တုများ ဆပ်ကပ် လှူဒါန်းပေးခဲ့ကြသည်။

ကျောက်တော်မြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုစတင်လက်ခံလျက်ရှိသည်။

ကျောက်တော်မြို့၌  နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား (အခမဲ့) ဆေးကုသပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၊မြို့နယ်ပြည်သူ့ဆေးကြီးတိုးချဲ့ဆောင်အတွင်း၌ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယမန်နေ့နံနက် ၈ နာရီက အဆိုပါနေရာ၌ ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်အဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ် ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည်  ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်၍ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မာန်အောင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုအားကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ လိုက်ပါလျက် သစ်ပုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းသား/သူများအား ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုပြီး ဆရာ၊ ဆရာမများနှင့်ကျောင်းသား မိဘများအား အားပေးစကားပြောကြားခဲ့သည်။

ရမ်းဗြဲမြို့၌ ဗိုလ်မှူးချုပ်ဇော်မင်းအေး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်စိုးနိုင်ဦးနှင့်တာဝန်ရှိသူများ သံတွဲမြို့အတွင်းရှိ သာသနိကအဆောက်အအုံများနှင့် ပြည်သူ့ဆေးရုံတို့ကို ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်သံတွဲမြို့နယ်အတွင်းရှိ လေဘေးသင့်ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရန်ရောက်ရှိနေသော ဗိုလ်ချုပ်စိုးနိုင်ဦးသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်က သံတွဲမြို့ မြို့ဦးတောင်ဘုန်းတော်ကြီး ကျောင်းသို့ရောက်ရှိပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တရေဝတအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်နှင့် ဆီများဆက်ကပ် လှူဒါန်းကာ သာသနိကအဆောက် အအုံများ ပျက်စီးဆုံးရှုံးမှုရှိမရှိ အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဗိုလ်မှူးချုပ်ကျော်ကျော်ဦး မာန်အောင်ဒေသခံပြည်သူများအား (အခမဲ့)ဆေးကုသပေးနေမှုအား ကြည့်ရှုအားပေး၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် စာသင်ကျောင်းများအတွက် သွပ်ပြားများ ထောက်ပံ့ပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ကြောင့်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက် ၉ နာရီခွဲက မာန်အောင်ပြည်သူ့ဆေးရုံတွင် အခြေပြု၍ တောင်ကုတ်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာလှထွန်းဇော်ဦးစီးသော အထူးကုဆရာဝန်ကြီးများအဖွဲ့မှ ဒေသခံပြည်သူများအား(အခမဲ့)ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီးလူအေး ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုနှင့် ဘုန်းတော်ကြီးကျောင်းများ ပြန်လည်ပြုပြင်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအခြေအနေနှင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်းများ ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များသို့ သန့်စင်ပြီးသော သောက်သုံးရေထုတ်လုပ်ဖြန့်ချိရေးစီမံကိန်းကို ST Water Works(Dawei) Co.,Ltd မှ (B.O.T)သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးပွဲသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များသို့ သန့်စင်ပြီးသော သောက်သုံးရေထုတ်လုပ် ဖြန့်ချီရေးစီမံကိန်းကို ST Water Works(Dawei) Co.,Ltd က (B.O.T) သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Subscribe to