ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ကျောင်းအပ် လက်ခံခြင်းများဆောင်ရွက်

ဟင်္သာတ မေ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေး ရည်ရွယ်၍ "ကျောင်းနေအရွယ် ကလေး အားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့ နံနက်ပိုင်းမှ စတင်ကာ ကျောင်းအပ် လက်ခံ ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောင်းများအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှကောက်ခံမှုမရှိပါ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ တို့ကို ကျောင်းသား/သူတိုင်းအား နိုင်ငံတော်မှ (အခမဲ့)ထောက်ပံ့ ပေးပြီး ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် အခြေခံပညာအဆင့် အ-ထ-က ကျောင်း(၂၂)ကျောင်း၊ အ ထ က ခွဲကျောင်း (၂၂) ကျောင်း၊ အ-လ-က ကျောင်း (၃၁)ကျောင်း၊ အ-လ-ကခွဲကျောင်း(၁၄)ကျောင်း၊ မူလွန်ကျောင်း (၂၁) ကျောင်း၊ အ-မ-က ကျောင်း (၂၄၁)ကျောင်း၊ အမကခွဲကျောင်း (၃)ကျောင်းနှင့် ဘကကျောင်း (၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်းရှိပြီး ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် ဆောင်ရွက်ကာ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်(ဟင်္သာတ)