မန္တလေး မေ ၂၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ ဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက် (၉) နာရီ၌ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲ (Talk Show) ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးညိုထွန်းနှင့် စာရေးဆရာ မင်းမြတ်မိုး (မန်းမြေ) တို့က ဦးဆောင်ဆွေးနွေးကြပြီး သုတစာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ ရသစာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးများ၊ လူငယ်များကို ငယ်စဉ်က စာပေဖတ်ရှု့ခြင်း အလေ့အထခိုင်မြဲစေရန်လိုအပ်မှုများ၊ လူငယ်များကို သာမန်စာပေဖတ်ရှု့ရာမှမှတ်သားစေပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ကျပန်းစကားပြော ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ စာစီစာကုံးနှင့် ကဗျာရေးသားနည်းပြိုင်ပွဲများ အစရှိသည်တို့ ကျင်းပပေးခြင်းဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်မှုများ၊ ပြည်သူ့စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက် အသုံးချစေမည့်နည်းလမ်းများ၊ အသိပညာအတတ်ပညာနှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ဖြစ်စေရေးအတွက် စာပေဖတ်ရှု့ရန် တိုက်တွန်းသည့်နည်းလမ်းများ၊ လူငယ်များကိုယ်တိုင် စာပေဖတ်ရှု့ရေး စည်းရုံးနှိုးဆော်ရေးနည်းလမ်းများ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေါ်မြင့်မြင့်သန်း