စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာတွင် ကဗျာရွတ်ပိုင်ပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကျင်းပ

စဉ့်ကိုင် မေ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူ ကလေးငယ်များ စာပေနှင့်ထိတွေ့၍  စာဖတ်သည့် အ‌လေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်‌စေရန် တို့ကိုရည်ရွယ်၍  လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်တွင်  ယမန်နေ့နံနက်(၁၀)နာရီက ကဗျာရွတ်ပြိုင်နှင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ  ဒေါ်ဝင်းဝင်းသန်းက ပြိုင်ပွဲများကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်ခင်ဆန်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်က ပုံပြင်ပြောပြိုင်ပွဲ စည်းကမ်းများကို    ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာ Woman  Club အဖွဲ့ဝင်ဒေါ်အေးအေးသိန်းက ပြိုင်ပွဲစည်းကမ်းများကို  ရှင်းလင်းပြောကြားခဲ့ပြီးပြိုင်ပွဲ၀င် ကျောင်းသား/ကျောင်းသူ(၁၀)ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ  ပြိုင်ပွဲဝင် ကလေးငယ်များအား ပုံဆွဲစာအုပ်နှင့်ခဲတံများကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ပြီး  ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုသို့ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာ၊ Woman Club၊ Youth Club အဖွဲ့ဝင်များနှင့်   ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)