ကျောက်ဆည် မေ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လမ်းဦးစီးဌာနမှ ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သား လမ်းတွင် ကတ္တရာလမ်း တိုးချဲ့ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ(ငွေလုံးငွေရင်း) (၄၈.၃၀၀) ကျပ်သန်းဖြင့် ကျဉ်းမြောင်းနေသည့်လမ်း၏ (၇.၃၄)ကီလိုမီတာနှင့် (၇.၅၄) ကီလိုမီတာကြားရှိ အရှည်(၀.၂)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာ ကတ္တရာလမ်းအား အကျယ်(၅.၅)မီတာသို့ ကတ္တရာတိုးချဲ့ခင်းခြင်း၊ ခွင့်ပြုရန်ပုံငွေ (၁၉.၈၀၀)ကျပ်သန်းဖြင့် လမ်း၏(၇.၇၄)ကီလိုမီတာနှင့် (၇.၇၉)ကီလိုမီတာအတွင်း အရှည်(၀.၁၅)ကီလိုမီတာ၊ အကျယ်(၅.၅)မီတာအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ခွင့်ပြုရန်ပုံငွေ (၁၆.၀၀၀) ကျပ်သန်းဖြင့် လမ်းအပေါက်များ ဖြစ်နေသည့် လမ်း၏(၉.၂)ကီလိုမီတာနှင့် (၉.၈)ကီလိုမီတာအတွင်း (၀.၄)ကီလိုမီတာအား လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျောက်ဆည်-တံစိုး-မင်းစု-ထုံးကြီး-မြစ်သားလမ်းအား အသုံးပြုနေသည့် ပြည်သူများအတွက် ကုန်ပစ္စည်းများ သယ်ယူ ရာတွင် အချိန်နှင့် ကုန်ကျမှုစရိတ်များ သက်သာလာစေပြီး လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ပိုမိုဖွံ့ဖြိးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)