သာယာဝတီမြို့နယ်၌ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ် ၁/၂၀၂၂ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ အမှတ် (၁၄) စက်မှုလယ်ယာစခန်း၌ လယ်ယာသုံး စက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း အမှတ်စဉ် (၁ /၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း)ကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကွမ်တာ(ရွာဟောင်း) ကျေးရွာအတွင်းရှိ “မေတ္တာလမ်း” ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က လမ်းအဝင်မုဒ်ဦး၌ ကျင်းပသည်။

မောက်မယ်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်/ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ကျောင်းပိတ်ချိန် အားလပ်ရက်များတွင်  ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား လူငယ်လူရွယ်များ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်၍ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ခင်းကျင်းပြသခဲ့သည်။

မိုင်းခုတ်မြို့၌ သီးမွှေးငှက်ပျောပင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် ဒေသခံတောင်သူများ အမြတ်ငွေပိုမိုရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံတိုင်းရင်းသားပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ သီးမွှေးငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် အခြားသီးနှံများထက် အမြတ်ငွေပိုမိုရရှိကြောင်း သီးမွှေးငှက်ပျော စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

ရသေ့တောင်ပေါ်တွင် တန်ဆောင်မုန်းလပြည့် "သာမညဖလအခါတော်"နေ့၌ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်ပူဇော်ခြင်းကိစ္စ အစည်းအဝေးဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ‌ရသေ့တောင်ပေါ်တွင် တန်ဆောင်မုန်းလပြည့် "သာမညဖလအခါတော်" နေ့၌ ဆီမီးတစ်ထောင်၊ ပန်းနစ်ထောင်ပူဇော်ခြင်းကိစ္စ အစည်းအဝေးကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ဆင်မကြီးမိုမို၏ အသက် (၆၉)နှစ်ပြည့် မွေးနေ့ပွဲအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ကျင်းပသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်တိရစ္ဆန်ဥယျာဉ်တွင် အောက်တိုဘာ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ  Mo Mo's Birthday Weekend အနေဖြင့် ဆင်မကြီးမိုမို၏ အသက်(၆၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက် လာစေရန်ရည်ရွယ်၍ အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က (ထန်းတပင်) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မိုးစပါးစံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အောင်သာကျေးရွာတွင် စိုက်ပျိုးရေးဌာန၊ ခရိုင်ဦးစီးမှူးရုံးနှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့  နံနက် (၉) နာရီ အချိန်က တောင်သူဦးတင်ဆန်းလွင်နှင့် ဦးတင်ရှိန်တို့၏ မိုးစပါးစိုက်ခင်းများအတွင်း ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် SPIC/ACHC ကုမ္ပဏီမှ ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေးဖောင်‌ဒေးရှင်းသို့ ထောက်ပံ့လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားသို့ တက်‌ရောက်

ကချင်ပြည်နယ်အတွင်း ကျန်းမာ‌ရေး‌‌‌စောင့်ရှောက်မှု လိုအပ်လျက်ရှိသော ပြည်သူများအား အခမဲ့ ဆေးဝါးကုသပေးလျက်ရှိသည့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းသို့ SPIC /ACHC ကုမ္ပဏီမှ ထောက်ပံ့လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်‌ရောက်အမှာစကားပြောကြားသည်။

မှော်ဘီမြို့နယ်တွင်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to