အခြေခံ ငွေစုငွေချေး သမဝါယမအသင်းများအကြောင်း အသိပညာပေး Talk Show ကျင်းပ

အခြေခံ ငွေစုငွေချေး သမဝါယမအသင်းများအကြောင်း အသိပညာပေး Talk Show ကျင်းပ မေ ၂၃ ရမည်းသင်း ဇော်ဝင်းအောင်

မရမ်းကုန်းမြို့နယ်ရှိ အ​ခြေခံပညာ​​ကျောင်းများ၌ နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေးရည်ရွယ်၍ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ ယ​နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်ကျောင်းသား/ ကျောင်းသူများကျောင်းအပ်နှံ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးသီတင်းပတ် ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ် စတင်လက်ခံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ၂၀၂၃−၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံးက ကျောင်းအပ်နှံရေးသီတင်းပတ်ကို ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းလာအပ်သည့် ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ (မိုခါ)မုန်တိုင်းကြောင့် ပျက်စီးသွားသော ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှရှင်းလင်း

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့တွင်(မိုခါ)မုန်တိုင်းကြောင့် ပျက်စီးပြိုလဲသွားသော ဓာတ်အားလိုင်းများ၊ ဓာတ်တိုင်များနှင့် ထရန်စဖော်မာများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှဝန်ထမ်း(၆၀)ဦးဖြင့် လမ်းများအလိုက် ရှင်းလင်းဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားများ ပုံမှန်ပြန်လည်ဖြန့်ဖြူးပေးနိုင်ရေးအတွက် တက်ညီ လက်ညီ ဆောင်ရွက်လျက်ရှိသည်။

မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများ ပေးလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေး ကြည့်ရှုစစ်ဆေးပေးခြင်းများကို ယမန်နေ့ နံနက် (၉) နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းကို မြစ်သားမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ HIVနှင့် ဆစ်ပလစ်ပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ ဆီးနှင့်သွေးစစ်ဆေးပေးခြင်း၊ ကိုယ်ဝန်ဆောင်မှုအနေအထားနှင့် ကလေးအနေအထား ပုံမှန်ရှိ/မရှိစစ်ဆေးပေးခြင်း၊ ပထမအကြိမ် ကိုယ်ဝန်အပ်နှံခြင်းဖြစ်ပါက မေးခိုင်ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးခြင်း၊ ကိုယ်ဝန် (၄) လကျော်ပါက သန်ချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်၊ အာဟာရ ပြည့်ဝစွာစားသုံးရန်၊ ရောဂါလက္ခဏာ တစ်ခုခုဖြစ်ပေါ်လာပါက ဆေးရုံ/ဆေးခန်းတွင် အမြန်ဆုံးသွားရောက်ပြရန်နှင့် သတ်မှတ်ထားသည့်ရက်များအတိုင်း လာရောက်ပြသရန်လိုအပ်ကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

တာချီလိတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/သူများ ကျောင်းအပ်လက်ခံခြင်းများ  စတင်ဆောင်ရွက်ပေးလျက်ရှိသည်။

ညောင်လေးပင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ညောင်လေးပင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပရေးအတွက်  ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်အား ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က  မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ နဘဲပင်-ဝင်္ဂဘော်ကျေးရွာချင်းဆက်လမ်းလမ်းဘေးဝဲ-ယာတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အကြီးဆုံးကြယ်လိပ်ကြီး ပုဂံမြို့ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် လာရောက်လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာစွယ်တော်မြတ်စေတီအနီးရှိ လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် ကမ္ဘာ့အကြီးဆုံး ကြယ်လိပ်ကြီးအား လာရောက် လေ့လာကြည့်ရှုနိုင်ကြောင်း လောကနန္ဒာဘေးမဲ့တောဥယျာဉ် တာဝန်ရှိသူများထံက သိရသည်။

မိုးညိုမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ထုတ်ချေးပေးလျက်ရှိ‌ကြောင်း သိရသည်။
Subscribe to