ဒေါပုံမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ  စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

ရန်ကုန် မေ ၂၃

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ စာပေကိုပိုမိုလေ့လာဖတ်ရှုလာစေရန်နှင့် ဖတ်ရှုပြီးသည့် စာအုပ်စာပေများအား ပြန်လည်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ထွန်းလာနိုင်စေရန်အတွက် ယနေ့န့နက် နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကို ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းကို စာရေးဆရာနတ်သျှင်(ရွှေဂူ) “လူငယ်များကိုပျိုးထောင်ပေးပါ” စာအုပ်ဖြင့် ဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ  ဒေါ်လဲ့လဲ့အေးကဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော စာပေချစ်မြတ်နိုးသူများက စာအုပ်အပေါ်ဖတ်ရှုထားသည့် ရှုထောင့်ပေါင်းစုံမှ အမြင်အသီးသီးကို မျှဝေကာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်စုဝေ(ပြန်/ဆက်)