မိတ္ထီလာ၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံ

မိတ္ထီလာ မေ ၂၃

မိတ္ထီလာမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၆၈ ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၉ ကျောင်းတွင်  ယနေ့မေလ ၂၃ ရက်နေ့နံနက် ၉ နာရီအချိန်မှ စတင်ပြီး ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့်  ကျောင်းသား၊ကျောင်းသူများက စည်ကားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်အတွင်း အခြေခံပညာကျောင်းတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ယနေ့နံနက်ပိုင်းက စတင်ပြီး ကျောင်းအပ်လက်ခံတာမို့ ကျောင်းအပ်လာ ရောက်တဲ့ ကျောင်းသားမိဘတွေနဲ့  ကျောင်သားကျောင်းသူတွေက စည်ကားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိပါတယ်။ မိတ္ထီလာမြို့နယ် အတွင်းမှာ အခြေခံပညာကျောင်းများ အနေနဲ့  အ.ထ.က ၁၆ ကျောင်း  ၊ အ.ထ.ကခွဲ ၁၆ ကျောင်း ၊ အ.လ.က ၁၄ ကျောင်း ၊ အ.လ.ကခွဲ ၁၃ ကျောင်း ၊ မူလွန်ကျောင်း ၁၅ ကျောင်း ၊ မူလတန်းကျောင်း ၁၉၃ ကျောင်း ၊ မူလတန်းခွဲကျောင်း ၁ ကျောင်း စုစုပေါင်း ၂၆၈ ကျောင်း နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၉ ကျောင်း ရှိပါတယ်ဟု မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အခြေခံပညာရေးဦးစီးဌာနမှ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသော မေလ ၂၃ ရက် နေ့မှ မေလ ၃၁ ရက်နေ့အထိ အဆိုပါကျောင်းများတွင် ကျောင်းအပ်နှံမှုကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ