သဲကုန်း မေ ၂၃
"၂၀၂၃-၂၀၂၄ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့”ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်း(၁၉၄)ကျောင်း၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာဆရာမများမှ ကျောင်းသားကျောင်းသူများ ကျောင်းအပ်ခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံးပြဌာန်းစာအုပ်များကို(အခမဲ့)ထုတ်ပေးလျက်ရှိသည်။
သဲကုန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း(ခွဲ)ကျောင်း(၅)ကျောင်း၊ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလယ်တန်း(ခွဲ) ကျောင်း(၃)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၀)ကျောင်း၊ မူလတန်းကျောင်း(၁၆၀)ကျောင်း၊ မူလတန်းခွဲ(၃) ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း (၁၉၄)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း(၂)ကျောင်း၊ ဘုန်းတော်ကြီးပညာသင်ကျောင်း(၁)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်၊ ပြန်/ဆက်