ပန်းပဲတန်းမြို့နယ်တွင် မေလ (၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ

ပန်းပဲတန်း မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊  ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၈) ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် မေလ (၂၃)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပန်းဘဲတန်းမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးစေဖို့  ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ မေလ (၂၃)ရက်နေ့နံနက်ပိုင်းမှ စတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို  သက်ဆိုင်ရာ ကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းအပ်နှံသည့်အခါ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု မရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ပေတံ စသည့် ပစ္စည်းများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရှိရသည်။

ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1) သို့လည်းကောင်း အပ်နှံရမည်ဖြစ်ပြီး ပန်းဘဲတန်းမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၃)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း(၂)ကျောင်း စုစုပေါင်း (၈)ကျောင်း ရှိကြောင်း သိရသည်။

ဦးဆန်းကြည် (ပြန်/ ဆက်)