မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် မြို့သစ် မေ ၂၃ ဝင်းအိဇွန်(ပြန်/ဆက်)

ငပလီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင်ကျောင်းအပ်လက်ခံ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း ယနေ့နံနက် ၁၀‌ နာရီအချိန်က ငပလီမြို့အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

တပ်ကုန်းမြို့၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်တို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးနေ့အဖြစ် စတင် ကျောင်းအပ်လက်ခံ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ယနေ့နံနက် (၈:၀၀)နာရီအချိန်မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် စတင်ကျောင်းအပ် လက်ခံလျက်ရှိသည်။

၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက်  ကျောင်းသား/ သူများအား ကျောင်းအပ်နှံခြင်း သုံးခွမြို့နယ်တွင် စတင်လက်ခံ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သုံးခွမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၉နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်းသိရသည်။

သာယာဝတီမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ

ပဲခူးတိုင်းဒေသကြီး၊ သာယဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် သတင်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အတွင်း ထူးခြားဖြစ်စဥ် သတင်းများနှင့် ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ စောလျင်စွာ တိကျ မှန်ကန်သော မြေပြင်သတင်းအမှန် ရရှိစေရေး သတင်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန OSS အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ စတင်ကျောင်းအပ်လက်ခံ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက စတင်၍ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။
Subscribe to