ပခုက္ကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ် စတင်လက်ခံ

ပခုက္ကူ  မေ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ နံနက် ၉ နာရီအချိန်မှစတင်ပြီး လက်ခံဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းကို ပခုက္ကူမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအလိုက် တာဝန်ခံကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ခွင့်မဆုံးရှုံးစေရေးအတွက် ကျောင်းသား၊ ကျောင်းသူများ ကျောင်းလာရောက် စာရင်းသွင်းမှုအား စနစ်တကျလက်ခံဆောင်ရွက်ပေးကြပြီး နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သော ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကိုလည်း  ကျောင်းသူ၊ ကျောင်းသားနှင့် မိဘများထံ အသီးသီးပေးအပ်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)