ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းဖွင့်အမီ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းဖွင့်အမီ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-ခနောင်တို)ကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။  

ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးခင်ဇော်အောင်ဦးဆောင်၍ တွဲဘက်ဌာနတာဝန်ခံများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများက အဆိုပါကျောင်းဝင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် အမြင်မတင့်တယ်သည့် သစ်ပင်၊ ချုံနွယ်များ၊ မြက်ပင်များ၊ ကျောင်းခြံစည်းရိုးနှင့် ကျောင်းအဆောက်အဦ အမိုးပေါ်သို့ ကျရောက်နေသည့် သစ်ပင်၊ ချုံ နွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ ကျောင်းဝင်းအတွင်းအပြင်ရှိ အမှိုက်များလှည်းကျင်းခြင်းဖြင့် ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပေရေးအတွက် စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ(IPRD)