မိုင်းရယ်မြို့တွင် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း ဖွင့်လှစ်

မိုင်းရယ် မေ ၂၃

ကလေးငယ်များ လိမ္မာယဉ်ကျေးစေရန် ရည်ရွယ်ပြီး မိုင်းရယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ပူးပေါင်း၍ အခြေခံဗုဒ္ဓဘာသာသင်တန်းကို ယနေ့နံနက် (၉)နာရီက မိုင်းရယ်မြို့၊ သီရိမင်္ဂလာစွမ်ဆိုင် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်သည်။

သင်တန်းတွင် မိုင်းရယ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်တင်ထွေးရီက ဗုဒ္ဓဝင်အကျဉ်း၊ ယဉ်ကျေးလိမ္မာစွာ ပြောဆိုနည်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာက ကလေးငယ်များအတွက် လူကြီးမိဘများအား ယဉ်ကျေးပျုငှာစွာ ဆက်ဆံနည်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နန်းယိင်းနှင့် တာဝန်ရှိသူများက ဘုရားရှိခိုးနည်း၊ ၃၈ ဖြာမင်္ဂလာကဗျာများကို သင်ကြားပါသည်။

အဆိုပါ အခြေခံဗုဒ္ဓဘာသာသင်တန်းကို မိုင်းရယ်မြို့ပေါ်မှ ကလေးငယ်(၄၀)ဦးခန့် တက်ရောက်ပြီး သင်တန်းကာလမှာ ၂၃.၅.၂၀၂၃မှ ၂၅.၅.၂၀၂၃ရက်နေ့ထိ (၃)ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းရယ်(ပြန်/ဆက်)