ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်၍ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ မေ ၂၃

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ယနေ့ နံနက်ပိုင်းမှစတင်၍  ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်လက်ခံရာတွင် KG မှ Grade 5 အထိ ကျောင်းသား၊ ကျောင်းသူများကို  ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံလေးချောင်း၊ ကျောင်းဝတ်စုံတစ်စုံအားလည်းကောင်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံနှစ်​ချောင်း၊ ဘောပင်နှစ်ချောင်းအားလည်းကောင်း အခမဲ့ထောက်ပံ့ ပေးခဲ့သည်။

ပုဗ္ဗသီရိမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၇ ကျောင်း၊ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) ၅ ကျောင်း၊  အလယ်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း (ခွဲ) တစ်ကျောင်း၊ မူလတန်း(လွန်) ၁၄ ကျောင်း၊ မူလတန်းကျောင်း ၂၉ ကျောင်း၊ စုစုပေါင်း ၅၉ ကျောင်းရှိပြီး အဆိုပါကျောင်းများတွင် ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)